လုံခြုံရေးစင်တာ

Sep 22, 2026 • Admin Team
Featured Image
၁။Fraud Awareness (လိမ်လည်မှုများကို သိရှိကာကွယ်ခြင်း) Fraud ဆိုတာဘာလဲ? Fraud ဆိုသည်မှာ Customer များ၏ ငွေကြေး၊ Account အချက်အလက် သို့မဟုတ် ကိုယ်ရေးအချက်အလက်များကို မမှန်ကန်သော နည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ Digital Payment အသုံးပြုမှုများ တိုးလာသည်နှင့်အမျှ လိမ်လည်သူများသည် Customer များကို လှည့်ဖြားရန် နည်းလမ်းအသစ်များ အသုံးပြုလာနိုင်ပါသည်။ ထို့ကြောင့် လိမ်လည်မှုအမျိုးအစားများကို သိရှိထားခြင်းသည် မိမိ Account လုံခြုံရေးအတွက် အရေးကြီးပါသည်။ တွေ့ရများသော Fraud အမျိုးအစားများ ၁။ Phishing Scam လိမ်လည်သူများက Official Company သို့မဟုတ် Customer Service အယောင်ဆောင်၍ Link များပို့ခြင်း၊ Website အတုများသို့ ဝင်ရောက်စေခြင်းဖြင့် Login Information များ ရယူရန် ကြိုးပမ်းခြင်း။ သတိပြုရန် • မသိသော Link များကို မနှိပ်ပါနှင့်။ • Official Website/App မှသာ အသုံးပြုပါ။ ၂။ OTP / PIN Scam လိမ်လည်သူများက Customer Service အယောင်ဆောင်ပြီး OTP Code၊ PIN၊ Password များကို တောင်းခံခြင်း။ သတိပြုရန် • OTP၊ PIN၊ Password များကို မည်သူ့ကိုမျှ မပေးပါနှင့်။ • Company ဝန်ထမ်းများသည် အဆိုပါအချက်အလက်များကို မတောင်းဆိုပါ။ ၃။ Fake Reward / Prize Scam "ဆုရရှိပါသည်"၊ "Promotion ရရှိပါသည်" ဟုဆိုကာ Personal Information သို့မဟုတ် ငွေကြေးတောင်းခံခြင်း။ သတိပြုရန် • Official Announcement မဟုတ်ပါက မယုံကြည်ပါနှင့်။ • ငွေပေးချေရန် တောင်းဆိုပါက သတိထားပါ။ ၄။ Account Sharing Fraud မိမိ Wallet Account၊ Agent Account သို့မဟုတ် Merchant Account ကို အခြားသူများအသုံးပြုခွင့်ပေးခြင်း။ သတိပြုရန် • Account ကို မည်သူ့ကိုမျှ မငှားပါနှင့်။ • မိမိ Account ဖြင့် ဖြစ်ပေါ်သော Transaction များအတွက် Account Owner တွင် တာဝန်ရှိပါသည်။ ၂။ Protect Your Account (သင့် Account ကို လုံခြုံအောင် ကာကွယ်ပါ) မိမိ၏ Wallet Account ကို လုံခြုံစွာ အသုံးပြုနိုင်ရန် အောက်ပါအချက်များကို လိုက်နာပါ။ Strong PIN အသုံးပြုပါ • ခန့်မှန်းရလွယ်သော PIN များ (ဥပမာ - မွေးနေ့၊ ဖုန်းနံပါတ်) မသုံးပါနှင့်။ • PIN ကို ပုံမှန်ပြောင်းလဲပါ။ OTP Code ကို လျှို့ဝှက်ထားပါ OTP (One-Time Password) သည် Transaction နှင့် Account Verification အတွက် အသုံးပြုသော လုံခြုံရေး Code ဖြစ်ပါသည်။ ဘယ်တော့မှ မမျှဝေရမည့်အရာများ • OTP Code • PIN • Password • Login Information Official App ကိုသာ အသုံးပြုပါ • App ကို Google Play Store / Apple App Store ကဲ့သို့ Official Store များမှသာ Download ပြုလုပ်ပါ။ • Unknown Source မှ Application များ မတင်ပါနှင့်။ Device Security ထိန်းသိမ်းပါ • ဖုန်း Screen Lock အသုံးပြုပါ။ • Public Wi-Fi အသုံးပြုရာတွင် သတိထားပါ။ • မသိသူများအား Remote Access ပေးခြင်း မပြုလုပ်ပါနှင့်။ Transaction History စစ်ဆေးပါ • မိမိမပြုလုပ်သော Transaction တွေ့ရှိပါက ချက်ချင်း Report ပြုလုပ်ပါ။ Notification များကို ပုံမှန်စစ်ဆေးပါ။ ၃။ Scam Prevention Tips (လိမ်လည်မှုမှ ကာကွယ်ရန် အကြံပြုချက်များ) Customer များအနေဖြင့် - ✅ မသိသူများထံသို့ ငွေလွှဲခြင်း မပြုလုပ်ပါနှင့်။ ✅ "Account ပိတ်မည်"၊ "အတည်ပြုရန်လိုသည်" ဟုဆိုပြီး အရေးပေါ်လုပ်ဆောင်ခိုင်းသူများကို သတိထားပါ။ ✅ Official Customer Service Channel မှသာ ဆက်သွယ်ပါ။ ✅ မသေချာသော Promotion၊ Investment Offer များကို မယုံကြည်ပါနှင့်။