Pay2U တွင် ဗဟိုဘဏ်စံနှုန်းဖြစ်သော MMQR စနစ်ကို မကြာမီ ပေါင်းစပ်ထည့်သွင်းတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးခြင်း
Pay2U အသုံးပြုသူ မိဘပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ ငွေပေးချေနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စံနှုန်းဖြစ်သော MMQR စနစ်ကို ကျွန်ုပ်တို့၏ Pay2U Pay တွင် မကြာမီ ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားတော့မည် ဖြစ်ပါသည်။ MMQR စနစ်အသစ် စတင်အသုံးပြုနိုင်ပြီဆိုပါက အသုံးပြုသူများအနေဖြင့် မိမိတို့၏ Pay2U Pay ကို အသုံးပြုကာ မည်သည့် Merchant ကုန်သည်ဆိုင်ကြီးများ၊ လူသုံးကုန်စတိုးဆိုင်များနှင့် အသေးစားလုပ်ငန်းများတွင်မဆို QR စကင်ဖတ်ရုံဖြင့် ပိုမိုမြန်ဆန်၊ လုံခြုံပြီး စိတ်တိုင်းကျ ငွေပေးချေမှုများကို ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါသည်။