General Questions
Pay2U သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ခေတ်မီဆန်းသစ်သော Mobile Wallet နှင့် Agent Network ဂေဟစနစ်များကို ပံ့ပိုးပေးနေသည့် လုံခြုံစိတ်ချရသော ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆင်ပြေချောမွေ့သော ငွေပေးချေမှုများ၊ အခြေခံလူနေမှုစရိတ် ဘေလ်ဆောင်ခြင်းများနှင့် ငွေလွှဲပြောင်းမှု လုပ်ငန်းစဉ်များကို လျင်မြန်ပြီး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးနေပါသည်။
ဟုတ်ကဲ့၊ ရရှိထားပါတယ်ခင်ဗျာ။ Pay2U သည် သုံးစွဲသူများ၏ ရန်ပုံငွေများ ဥပဒေကြောင်းအရ လုံးဝ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ တရားဝင် လည်ပတ်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
Internet Connection နှင့် ဖုန်းလိုင်းအခြေအနေကို စစ်ဆေးပါ။ ၁ မိနစ် ၂ မိနစ်ခန့်စောင့်ပြီး OTP ပြန်လည်တောင်းခံနိုင်ပါသည်။ မရသေးပါက Customer Support ကို ဆက်သွယ်ပေးပါ။
Profile Settings မှတဆင့် ပြောင်းလဲနိုင်ပါသည်။ လုံခြုံရေးအတွက် Identification Verification လိုအပ်နိုင်ပါသည်။
Customer Service ကိုဆက်သွယ်ပါ။
အသုံးပြု၍ရပါသည်။ လုံခြုံရေးအရ Device အသစ်တွင် Login ဝင်ပါက OTP verification နှင့် NRC No. အားဖြည့်သွင်းပေးရန် လိုအပ်ပါမည်။ OTP ဖြင့်အတည်ပြုပြီးပါက application အား Device အသစ်တွင် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ပုံမှန်အားဖြင့်ချက်ချင်းရောက်ရှိသော်လည်း Network အခြေအနေကြောင့် အချိန်အနည်းငယ်ကြန့်ကြာနိုင်ပါသည်။
ငွေလွှဲမှုအောင်မြင်ပြီးပါက cancel ပြုလုပ်၍မရပါ။ ငွေလွှဲမတိုင်မီ Recipient အချက်အလက်များကို သေချာစစ်ဆေးရန်အကြုံပြုပါသည်။
Regulatory Requirements ပေါ်မူတည်၍ နေ့စဥ်လွှဲပြောင်းနိုင်သည့်ပမာဏ ကန့်သတ်ထားပါသည်။
Transaction Status ကိုစစ်ဆေးပြီး မရောက်သေးပါက Transaction ID နှင့် Customer Support ကိုဆက်သွယ်ပါ။
Top-up အောင်မြင်ပြီးပါက ပုံမှန်အားဖြင့် Refund မရနိုင်ပါ။ ထို့ကြောင့် ဖုန်းနံပါတ်ကို သေချာစစ်ဆေးပြီးမှလုပ်ဆောင်ပါ။
မရပါ။ OTP သည် သင့်အကောင့်ကို ကာကွယ်ပေးသော လုံခြုံရေးကုဒ်ဖြစ်သောကြောင့် မည်သူ့ကိုမျှမမျှဝေသင့်ပါ။
Support ပေးထားသော Device များတွင် Biometric Authentication ကိုဖွင့်ထားနိုင်ပါသည်။
Transaction History တွင်စစ်ဆေးနိုင်ပါသည်။ pending ဖြစ်နေပါက အချိန်အနည်းငယ်စောင့်ဆိုင်းပြီး မအောင်မြင်ပါက Customer Support ကိုဆက်သွယ်ပါ။
Pay2U App ကို စာရင်းပေးသွင်း (Register) ပြုလုပ်ရန် မိမိဖုန်းအမျိုးအစားအလိုက် App Store သို့မဟုတ် Google Play Store မှအခမဲ့ ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။ ထို့နောက် မိမိ၏ ဖုန်းနံပါတ်ကို ထည့်သွင်းရုံဖြင့် အကောင့်ကို လွယ်ကူစွာ ဖွင့်လှစ်နိုင်ပါသည်။ မေးမြန်းစရာများ သို့မဟုတ် အခက်အခဲများရှိပါက Pay2U Call Center ဖုန်းနံပါတ် 09-09661222333 နှင့် 09340275050သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Login Password သည် သင့်အကောင့်ထဲသို့ ဝင်ရောက်ရန် အသုံးပြုသည့် စကားဝှက်ဖြစ်ပြီး၊ Transaction Password သည် အကောင့်တစ်ခုမှ အကောင့်တစ်ခုသို့ ငွေ (e-money) လွှဲပြောင်းမှုများကို အတည်ပြုရန် အသုံးပြုသည့် စကားဝှက် ဖြစ်ပါသည်။
Pay2u Wallet အကောင့် ဖွင့်လှစ်အသုံးပြုနိုင်ရန်အတွက် အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။
သင်သည် ဘဏ်အကောင့်မှ Pay2U သို့လည်းကောင်း၊ Pay2U မှ ဘဏ်အကောင့်သို့လည်းကောင်း "Transfer" (ငွေလွှဲ) အပိုင်းရှိ "Bank Transfer" ကို အသုံးပြု၍ ငွေလွှဲပြောင်းနိုင်ပါသည်။
လက်ရှိအချိန်၌ အင်းဝဘဏ် မှတစ်ဆင့် ငွေသွင်း/ငွေလွှဲ ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပါသည်။
QR Code ဆိုသည်မှာ အကောင့်ဖွင့်လှစ်ထားသော Pay2U အသုံးပြုသူများ၊ မိတ်ဖက်ဆိုင်များနှင့် အေးဂျင့်များ၏ အကောင့်အချက်အလက်များကို ဖော်ပြပေးသည့် ကုတ်သင်္ကေတဖြစ်ပါသည်။ ငွေလွှဲပြောင်းရန် သို့မဟုတ် ပစ္စည်းဝယ်ယူပြီး ငွေပေးချေရန်အတွက် ထို QR Code ကို Scan ဖတ်၍ လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
ကျေးဇူးပြု၍ Agent Support သို့ ဆက်သွယ်ပြီး အောက်ပါအချက်အလက်များကို ပေးပို့ပါ။
• Transaction ID (ငွေလွှဲအမှတ်)
• Transaction ပြုလုပ်သည့် ရက်စွဲနှင့် အချိန်
• Transaction Amount (ငွေပမာဏ)
• ဖြစ်ပေါ်နေသော ပြဿနာအသေးစိတ်
လိုအပ်သောလုပ်ငန်းအချက်အလက်များကို တင်ပြပြီး ကျွန်ုပ်တို့၏ တရားဝင် ဝက်ဘ်ဆိုက် သို့မဟုတ် merchant မှတ်ပုံတင်ရန် သတ်မှတ်ထားသော လမ်းကြောင်းများ မှတဆင့် မှတ်ပုံတင်နိုင်ပါသည်။
သင်သည် အောက်ပါအချက်အလက်များကို ပေးရန် လိုအပ်နိုင်ပါသည် -
• လုပ်ငန်းအမည် (Business Name)
• လုပ်ငန်းလိပ်စာ (Business Address)
• ပိုင်ရှင်၏ အချက်အလက်များ (Owner Information)
• ဆက်သွယ်ရန် အချက်အလက်များ (Contact Details)
• လုပ်ငန်းအမျိုးအစား (Business Type)
• ဆိုင်ပုံ
• ဆိုင်ပိုင်ရှင်ဓာတ်ပုံ
• Business License
QR Code အသစ် ပြန်လည်ရယူရန်အတွက် Merchant Support သို့ ဆက်သွယ်ပါ။
Pay2U Wallet
Pay2U Pay App ကို Google Play Store သို့မဟုတ် Apple App Store မှတစ်ဆင့် ဒေါင်းလုဒ်ရယူ၍ စာရင်းသွင်းနိုင်ပါသည်။ မိမိ၏ လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်ကို ထည့်သွင်းပါ၊ အခြေခံ OTP စိစစ်ချက်ကို ဖြည့်စွက်ပါ၊ ထို့နောက် စံသတ်မှတ်ချက် Level 2 KYC အတည်ပြုချက် ရယူနိုင်ရန်အတွက် မိမိ၏ မှတ်ပုံတင်ပုံစံဓာတ်ပုံကို တင်သွင်းပါ။
Pay2U အကောင့်အချင်းချင်း (P2P) ငွေလွှဲပြောင်းမှုများကို လုံးဝ (အခမဲ့) ဆောင်ရွက်နိုင်ပါသည်။ သို့သော် တရားဝင် အေးဂျင့်ဆိုင်များတွင် ငွေထုတ်ယူ (Cash-out) မည်ဆိုပါက ထုတ်ယူသည့် ပမာဏအလိုက် အနည်းငယ်သော ဝန်ဆောင်ခ ကျသင့်နိုင်ပါသည်။
Pay2U Wallet ဆိုတာကတော့ ...
၁။ Wallet မှ ဘဏ်အကောင့်သို့ ငွေထုတ်ယူခြင်း (Wallet to Bank Account)
၁)Cash Out ကို နှိပ်ပါ။ ၂)Bank Account ကို ရွေးချယ်ပါ။၃) My Bank Account (မိမိ၏ ဘဏ်အကောင့်) ကို ရွေးပါ။ ၄)ထုတ်ယူလိုသည့် ငွေပမာဏ (Enter Amount) ကို ဖြည့်သွင်းပါ။ ၅) Continue ကို နှိပ်၍ အတည်ပြုပါ။
၂။ ဘဏ်အကောင့်မှ Wallet သို့ ငွေသွင်းခြင်း (Bank Account to Wallet)
၁) Cash In ကို နှိပ်ပါ။ ၂) Bank Account ကို ရွေးချယ်ပါ။ ၃) My Bank Account (မိမိ၏ ဘဏ်အကောင့်) ကို ရွေးပါ။ ၄ ) သွင်းလိုသည့် ငွေပမာဏ (Enter Amount) ကို ဖြည့်သွင်းပါ။ ၅) Continue ကို နှိပ်၍ အတည်ပြုပါ။
မိမိ၏ Pay2U အကောင့်ဖြင့် QR Code ကို Scan ဖတ်ပြီး ပေးချေလိုသည့် ငွေပမာဏကို ဖြည့်သွင်းပါ။ ထို့နောက် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက် အဆင့်အတိုင်း ဆက်လက် လုပ်ဆောင်၍ ငွေပေးချေမှုကို ပြီးမြောက်အောင် ပြုလုပ်နိုင်ပါသည်
ရရှိနိုင်ပါသည်။ Pay2U Wallet ကို အသုံးပြု၍ မည်သည့် ဖုန်းအော်ပရေတာမဆို (MPT, Ooredoo, ATOM, MEC) ဖုန်းဘေလ် လွယ်ကူစွာ ဖြည့်သွင်းနိုင်ပါသည်။
Agent Wallet
Website သို့မဟုတ် သတ်မှတ်ထားသော Channel မှတစ်ဆင့် Agent Application တင်နိုင်ပါသည်။
၁။ Customer Wallet ငွေဖြည့်ပေးခြင်း (Cash In)
၂။ Wallet ငွေထုတ်ပေးခြင်း (Cash Out)
၃။ Payment Service များ ပေးနိုင်ပါသည်။
Customer Transaction များအပေါ် မူတည်၍ သတ်မှတ်ထားသော Commission ရရှိနိုင်ပါသည်။
အချက်အလက်စစ်ဆေးပြီး Account Approval ရရှိပါက အသုံးပြုနိုင်ပါသည်။
သတ်မှတ်ထားသော Channel မှတစ်ဆင့် Agent Balance ဖြည့်နိုင်ပါသည်။
Merchant Portal
Pay2U ကုန်သည် သို့မဟုတ် အေးဂျင့် ဖြစ်ရန် စိတ်ဝင်စားပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှု နံပါတ် +၉၅၉၆၆၁၂၂၂၃၃၃၊ +၉၅၉၃၄၀၂၇၆၀၆၀ သို့ ဆက်သွယ်ပါ။