Pay2U Wallet

Easily transfer money, cash-in, cash-out, and top up your mobile phone securely anywhere.

Pay2U Mobile Wallet ၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ

Pay2U Mobile Wallet ၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ

လူကြီးမင်းတို့ရဲ့ နေ့စဉ်လူနေမှုဘဝ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ Pay2U Mobile Wallet ရဲ့ အဆင့်မြင့်ဒီဂျစ်တယ်ဝန်ဆောင်မှုများနှင့် မိတ်ဆက်ပေးပါရစေ။
ကျွန်ုပ်တို့၏ Pay2U အက်ပလီကေးရှင်းတစ်ခုတည်းဖြင့် အောက်ပါဝန်ဆောင်မှုများကို စက္ကန့်ပိုင်းအတွင်း စိတ်ချရစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် -

လုံခြုံစိတ်ချရသော ငွေလွှဲဝန်ဆောင်မှု - မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများထံသို့ အချိန်မရွေး၊ နေရာမရွေး ငွေကြေးများကို လျင်မြန်စွာ လွှဲပြောင်းပေးနိုင်ခြင်း။

လျင်မြန်သော ဖုန်းငွေဖြည့်ဝန်ဆောင်မှု - မည်သည့်အော်ပရေတာကိုမဆို အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ မိမိစိတ်ကြိုက် ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း။

လွယ်ကူသော Utility ဘေလ်ဆောင်ခြင်းဝန်ဆောင်မှု - မီးဘေလ်၊ ရေဘေလ် စသည့် လစဉ်ပေးဆောင်ရမည့် ဘေလ်အမျိုးမျိုးကို တန်းစီစောင့်ဆိုင်းစရာမလိုဘဲ တစ်နေရာတည်းတွင် ပေးချေနိုင်ခြင်း။

Pay2U ၏ ဝန်ဆောင်မှုတိုင်းကို အဆင့်မြင့်နည်းပညာများဖြင့် စနစ်တကျ တည်ဆောက်ထားပြီး ငွေကြေးလုံခြုံမှုကို ရာနှုန်းပြည့် အာမခံပါသည်။ ရှုပ်ထွေးမှုမရှိဘဲ လူတိုင်းလွယ်ကူစွာ အသုံးပြုနိုင်သည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အခုပဲ စတင်လက်ခံရယူလိုက်ပါ။
View Details
Pay2U ဖြင့် လွယ်ကူလျှင်မြန်စွာ ငွေလွှဲပါ

Pay2U ဖြင့် လွယ်ကူလျှင်မြန်စွာ ငွေလွှဲပါ

ချစ်ခင်ရသူတွေဆီ ငွေလွှဲဖို့အတွက် အပြင်ထွက် တန်းစီစောင့်ဆိုင်းပြီး အချိန်ကုန်ခံနေတုန်းပဲလား။ အခုဆိုရင် Pay2U Mobile Wallet ရဲ့ လျင်မြန်စိတ်ချရတဲ့ ငွေလွှဲဝန်ဆောင်မှုရှိနေပြီမို့ စိတ်ပူစရာမလိုတော့ပါဘူး။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများထံသို့ အချိန်မရွေး၊ နေရာမရွေး စက္ကန့်ပိုင်းအတွင်း ငွေလွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရမှုအတွက် ခေတ်မီနည်းပညာတွေနဲ့ အပြည့်အဝကာကွယ်ထားလို့ ငွေအလွဲအမှားဖြစ်မှာကို လုံးဝစိုးရိမ်စရာမလိုပါဘူး။
ရိုးရှင်းလွယ်ကူတဲ့ စနစ်ကြောင့် ဖုန်းတစ်လုံးရှိရုံနဲ့ ဘယ်သူမဆို လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။
ငွေလွှဲခအတွက်လည်း အသက်သာဆုံးနှုန်းထားတွေနဲ့ ဝန်ဆောင်မှုပေးထားတာ ဖြစ်ပါတယ်။

ဘယ်အချိန်၊ ဘယ်နေရာကပဲဖြစ်ဖြစ် ငွေလွှဲကိစ္စတွေအားလုံးကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်ဖို့ Pay2U ကို အခုပဲ သုံးစွဲလိုက်ပါ။
View Details
သင်သာဆိုရင်ရော Digital Wallet (Mobile Money) Application တစ်ခုကနေ ဘာတွေမျှော်လင့်မိမလဲ။​

သင်သာဆိုရင်ရော Digital Wallet (Mobile Money) Application တစ်ခုကနေ ဘာတွေမျှော်လင့်မိမလဲ။​

သုံးစွဲသူအများစုကတော့ ​
✔️လိမ်လည်ခြင်းကင်းတဲ့ Application (Fraud Free)​
✔️အချက်အလက်တွေ လုံခြုံတဲ့ Application (Data Encryption)​
✔️မှတ်တမ်းတွေမပျက်မစီးဘဲ ကျန်တဲ့ Application (Record History) ကို မျှော်လင့်တယ်လို့ မှတ်ချက်ပေးကြပါတယ်​

ဒီအချက်တွေကို စဉ်းစားပြီးတော့ Pay2u ကို ဖန်တီးတဲ့နေရာမှာ ပိုမိုလုံခြုံစေတဲ့ စွမ်းဆောင်ရည်တွေကို ထည့်သွင်းပြီး တည်ဆောက်ခဲ့ပါတယ်​

အချက်အလက်တွေလုံခြုံစိတ်ချရပြီး လိမ်လည်ခံရခြင်းကနေ ကာကွယ်ဖို့အတွက် စနစ်တကျစမ်းသပ်ထားပါတယ်​

ဘယ်လိုစနစ်တွေနဲ့ ဖန်တီးခဲ့လဲဆိုတာ ဆက်ပြီး ကြည့်ရှုပေးကြပါဦးဗျ​
View Details
မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ ငွေကြေးကို လုံခြုံအောင်ထိန်းသိမ်းနိုင်ဖို့အရေးကြီးပါတယ်

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ ငွေကြေးကို လုံခြုံအောင်ထိန်းသိမ်းနိုင်ဖို့အရေးကြီးပါတယ်

မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကို သူများတွေခန့်မှန်းမိတယ်လို့ သံသယဝင်လာတဲ့အခါ ပိုပြီးစိတ်ချရအောင် ❝Passcode (လျှို့ဝှက်နံပါတ်)❞ ကို ပြောင်းသင့်ပါတယ်ခင်ဗျ။

Passcode (လျှို့ဝှက်နံပါတ်) ပြောင်းနည်းအဆင့်ဆင့်ကို ဒီကနေတစ်ဆင့်ဖော်ပြပေးလိုက်ရပါတယ်။

🔸 Application ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ Menu ထဲကို ဝင်ပါ

🔸ပြီးရင် Setting (ပြင်ဆင်မှုများ) ကိုနှိပ်ပါ

🔸 Application ကို ဝင်ရောက်ရမယ့် လျှို့ဝှက်နံပါတ် ပြောင်းဖို့အတွက် - ❝𝐂𝐡𝐚𝐧𝐠𝐞 𝐋𝐨𝐠𝐢𝐧 𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 (လျှို့ဝှက်နံပါတ်ပြောင်းလဲမည်)❞ ကို နှိပ်ပါ
- Passcode (လျှို့ဝှက်ကုဒ်) နေရာမှာ ယခုလက်ရှိသုံးနေတဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ
- New Login Passcode (လျို့ဝှက်ကုဒ်အသစ်) နေရာမှာ မိမိသုံးချင်တဲ့လျှို့ဝှက်နံပါတ်အသစ်ကိုရိုက်ထည့်ပါ
- Confirm New Login Passcode (လျို့ဝှက်ကုဒ်အသစ်အတည်ပြုရန်) နေရာမှာ ဖြည့်ခဲ့တဲ့ လျှို့ဝှက်နံပါတ်အသစ်ကိုထပ်မံရိုက်ထည့်ပါ
- အားလုံးပြီးသွားပြီ၊ လျှို့ဝှက်နံပါတ်လည်း သေချာပြီဆိုရင် “Save(သိမ်းဆည်းမည်)” ကိုနှိပ်ပါ
ဒီအဆင့်တွေက Application Login Password ကို ပြောင်းလဲရတဲ့အဆင့်တွေဖြစ်ပါတယ်

🔸 ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေမှာ အသုံးပြုတဲ့ လျှို့ဝှက်နံပါတ်ကို ပြောင်းဖို့အတွက်ကတော့ - ❝𝐂𝐡𝐚𝐧𝐠𝐞 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧 𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 (ငွေလွှဲစကားဝှက်ပြောင်းလဲရန်)❞ ကို နှိပ်ရပါမယ်။ (ကျန်တဲ့အဆင့်တွေကတော့ အပေါ်မှာဖော်ပြခဲ့သလိုပါပဲ)
- Passcode (လျှို့ဝှက်ကုဒ်) နေရာမှာ ယခုလက်ရှိသုံးနေတဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ
- New Transaction Passcode (ငွေလွှဲလျို့ဝှက်ကုဒ်အသစ်)နေရာမှာ မိမိသုံးချင်တဲ့လျှို့ဝှက်နံပါတ်အသစ်ကိုရိုက်ထည့်ပါ
- Confirm New Transaction Passcode (ငွေလွှဲလျို့ဝှက်ကုဒ်အသစ်အတည်ပြုရန်) နေရာမှာ ဖြည့်ခဲ့တဲ့ လျှို့ဝှက်နံပါတ်အသစ်ကိုထပ်မံရိုက်ထည့်ပါ
- သေချာပြီဆိုရင် “Save(သိမ်းဆည်းမည်)” ကိုနှိပ်ပါ
ဒီလိုနည်းနဲ့ Transaction Passcode (ငွေလွှဲလျှို့ဝှက်နံပါတ်) ကို ပြောင်းလဲနိုင်ပါတယ်။

ကိုယ်ပိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာ ကိုယ့်လက်ထဲမှာပဲရှိတာဖြစ်လို့ လုံခြုံအောင်ထိန်းသိမ်းရမယ့်တာဝန်ကလည်း ကိုယ့်တာဝန်ပါပဲ
လျှို့ဝှက်နံပါတ်ဆိုတာ မျှဝေသင့်တဲ့အရာမဟုတ်ပါဘူး၊ သူများတွေရိပ်မိနေတယ်လို့ သံသယဖြစ်လာခဲ့ရင် အချိန်မီပြောင်းဖို့အတွက် အကြံပေးချင်ပါတယ်ခင်ဗျာ။

လုံခြုံစိတ်ချရတဲ့ ငွေကြေးဝန်ဆောင်မှုတွေအတွက် ❝စိတ်ချလွယ်ကူ Pay2U❞

Pay2U Pay Application ကို 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 (iOS User) နှင့် 𝐏𝐥𝐚𝐲 𝐒𝐭𝐨𝐫𝐞 (Android User) မှ Download ရယူအသုံးပြုနိုင်ပါပြီ။
View Details
ဘာလို့ Pay2U Pay ကို စိတ်ချလက်ချ ရွေးချယ်သင့်တာလဲ?

ဘာလို့ Pay2U Pay ကို စိတ်ချလက်ချ ရွေးချယ်သင့်တာလဲ?

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေလွှဲရုံတင်မကဘဲ "စိတ်ချရမှု" ကိုပါ အပြည့်အဝလိုချင်ပါသလား? အပြောနဲ့မဟုတ်ဘဲ လက်တွေ့ကျတဲ့ ဝန်ဆောင်မှုကောင်း တွေနဲ့ သုံးစွဲသူတိုင်းရဲ့ ယုံကြည်မှုကို ရယူနေတဲ့ Pay2U Pay ရှိတယ်လေ။

💯ဘာလို့ Pay2U Pay ကို စိတ်ချလက်ချ ရွေးချယ်သင့်တာလဲ?

🛡️၁၀၀% လုံခြုံစိတ်ချရမှု - ငွေလွှဲပြောင်းမှုတိုင်းကို စနစ်တကျ အကာအကွယ်ပေးထားလို့ Data ပေါက်ကြားမှာကို လုံးဝ (လုံးဝ) စိတ်ပူစရာ မလိုပါဘူး။

⚡မြန်ဆန်တိကျတဲ့ စနစ် - ငွေလွှဲတာပဲဖြစ်ဖြစ်၊ ဘေလ်ဆောင်တာပဲဖြစ်ဖြစ် အချိန်ကြန့်ကြာမှုမရှိဘဲ ဒတ်ခနဲ၊ ချက်ချင်း တိတိကျကျလုပ်ဆောင်ပေးပါတယ်။

သင့်ရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူပြီး စမတ်ကျစေဖို့ Pay2U Pay နဲ့ အခုပဲ လက်တွဲလိုက်ပါ။
View Details