Pay2U Agent Partner ဖြစ်ပြီး သင့်လုပ်ငန်းကို အခွင့် အလမ်းသစ်တွေနဲ့ တိုးချဲ့လိုက်ပါ(CTA)
သင်၏ဆိုင်တွင် ဝန်ဆောင်မှုတစ်ခု ထပ်တိုးရုံဖြင့် ဝင်ငွေအခွင့်အလမ်း တစ်ခု ပိုရလာနိုင်ပါတယ်။
နေ့စဉ်လာရောက်ကြတဲ့ Customer တွေအတွက် ငွေပေးချေမှု၊ ငွေလွှဲဝန်ဆောင်မှုတွေကို တစ်နေရာတည်းတွင် အဆင်ပြေပြေ လုပ်ဆောင်ပေးနိုင်ပါက သင်၏ဆိုင်အတွက်လည်း အကျိုးရှိပြီး Customer တွေအတွက်လည်း ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
Pay2U Agent Network မှာ ပါဝင်ခြင်းဖြင့် သင်၏လက်ရှိလုပ်ငန်းကို မပြောင်းလဲဘဲ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ငွေလွှဲဝန်ဆောင်မှုတွေကို ထပ်မံပေးအပ်နိုင်ပြီး အပိုဝင်ငွေရရှိနိုင် မယ့် အခွင့်အလမ်း ကို ဖန်တီးနိုင်ပါတယ်။
လုပ်ငန်းရှင်များ၊ လက်လီဆိုင်ပိုင်ရှင်များ၊ မိုဘိုင်းဝန်ဆောင်မှုဆိုင်များနဲ့ စွန့်ဦးတီထွင်သူများ အားလုံးကို Pay2U နဲ့အတူ ရေရှည်လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။
Pay2U Agent ဖြစ်ရင် ဘာတွေရမလဲ?
1. 💰 ဝန်ဆောင်မှုပေးခြင်းဖြင့် အပိုဝင်ငွေ ရရှိနိုင်ခြင်း
သင်၏ဆိုင်မှ ပြုလုပ်ပေးတဲ့ ငွေပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင်မှုတွေ မှတဆင့် သတ်မှတ်ထားတဲ့ ကော်မရှင်ခံစားခွင့် ရရှိနိုင်ပါတယ်။
နေ့စဉ်လုပ်ငန်းလည်ပတ်မှုထဲကို ဝန်ဆောင်မှုတစ်ခု ထပ်ပေါင်းလိုက်ရုံဖြင့် သင်၏လုပ်ငန်းအတွက် အပိုဝင်ငွေစီးကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။
2. 🔐 လုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ စနစ်
Pay2U ရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် မှတဆင့် ငွေပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင် မှုတွေကို မြန်ဆန်၊ လုံခြုံပြီး စနစ်တကျ ဆောင်ရွက်နိုင်ပါတယ်။
3. 🎓 စနစ်ကို အသုံးပြုတတ်အောင် ကူညီပေးခြင်း
Agent တစ်ယောက်အနေနဲ့ စတင်လုပ်ကိုင်တဲ့အချိန်မှာ စနစ်ကို ဘယ်လိုအသုံးပြုရမလဲ၊ Transaction တွေကို ဘယ်လိုဆောင်ရွက်ရမလဲ၊ Customer တွေကို ဘယ်လိုဝန်ဆောင်မှုပေး ရမလဲဆိုတာတွေကို Pay2U ရဲ့ ဝန်ထမ်းများက လိုအပ်သလို သင်ကြားပေးပြီး လုပ်ငန်း စတင်နိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။
4. 📢 သင်၏ဆိုင်ကို လူသိများလာအောင် ကူညီပေးခြင်း
Agent ဆိုင်ခွဲတွေအတွက် လိုအပ်တဲ့ ဆိုင်းဘုတ်၊ POSM နဲ့ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့တွေ ကို Pay2U ဘက်က သတ်မှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ကူညီပေးသွားမှာ ဖြစ်ပါတယ်။
5. 👥 Customer အသစ်တွေ ရရှိနိုင်မယ့် အခွင့်အလမ်း
ငွေပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင်မှု လိုအပ်တဲ့ Customer တွေအတွက် သင်၏ဆိုင်က ပိုမို အဆင် ပြေတဲ့ ဝန်ဆောင်မှုပေးရာနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
Customer တစ်ယောက် ဆိုင်ကို ဝန်ဆောင်မှုတစ်ခုအတွက် လာရောက်ရင်း သင့်ရဲ့ အခြား ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကိုပါ သိရှိအသုံးပြုလာနိုင်တဲ့ အခွင့်အလမ်း ရရှိနိုင်ပါတယ်။
ဘယ်သူတွေ Pay2U Agent ဖြစ်နိုင်လဲ?
သင့်မှာ လုပ်ငန်းတစ်ခုရှိပြီး Customer တွေကို ဝန်ဆောင်မှုပေးနေတယ်ဆိုရင် Pay2U Agent အဖြစ် လျှောက်ထားနိုင်ပါတယ်။
• 🏪 ကုန်စုံဆိုင်၊ စူပါမားကတ်၊ ဖုန်းဆိုင်နှင့် လက်လီအရောင်းဆိုင်များ
• 📱 Mobile & Digital Service ဆိုင်များ
• 💳 လက်ရှိ Payment / Financial Service Agent များ
• 💼 စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူများ
• 🏢 Pay2U ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ
Pay2U Agent ဖြစ်ဖို့ ရိုးရှင်းတဲ့ အဆင့် (၅) ဆင့်
01 | လျှောက်ထားပါ
Agent Application Form ကို ဖြည့်စွက်ပြီး Pay2U သို့ လျှောက်ထားပါ။
02 | KYC စိစစ်ပါ
သင်၏လုပ်ငန်းနှင့်သက်ဆိုင်သည့် အချက်အလက်နှင့်လိုအပ်တဲ့ စာရွက်စာတမ်းတွေကို Pay2U က စိစစ်ပေးပါမည်။
03 | အတည်ပြုချက် ရယူပါ
Pay2U ရဲ့ Agent သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက Agent အဖြစ် ခွင့်ပြုပေးပါမယ်။
04 | သဘောတူစာချုပ် ချုပ်ဆိုပါ
Agent Agreement နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံစွာ ဆောင်ရွက်ပါမယ်။
05 | စတင်လုပ်ကိုင်ပါ
Agent Account အသုံးပြုနိုင်အောင် ပြင်ဆင်ပေးပြီးနောက် Customer တွေကို ဝန်ဆောင်မှုပေးခြင်းဖြင့် သင်၏လုပ်ငန်းအတွက် အပိုဝင်ငွေ ရှာဖွေနိုင်ပါသည်။
သင်၏လုပ်ငန်းအတွက် အခွင့်အလမ်းသစ်တစ်ခု စတင်လိုက်ပါ
သင်၏ဆိုင်တွင် Customer တွေရှိပြီးသားပါ။
အခုလိုအပ်တာက သူတို့အတွက် ပိုမိုအသုံးဝင်တဲ့ ဝန်ဆောင်မှုတစ်ခု ထပ်ပေးနိုင်ဖို့ ပါ။
Pay2U Agent Network မှာ ပါဝင်ပြီး ငွေပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင်မှုတွေကို ပေးအပ်၍ Customer တွေအတွက် ပိုမိုအဆင်ပြေစေပြီး သင့်လုပ်ငန်းအတွက်လည်း အပိုဝင်ငွေအခွင့် အလမ်း တစ်ခု ဖန်တီးလိုက်ပါ။
Pay2U နဲ့အတူ လက်တွဲပြီး သင်၏လုပ်ငန်းကို နောက်တစ်ဆင့် တိုးချဲ့လိုက်ပါ။
Related Updates
No related updates found.