Worker Remittance

seamless cross-border remittance with real-time status tracking and guaranteed exchange rate transparency

ပြည်ပရောက် အလုပ်သမားများအတွက် ငွေလွဲဝန်ဆောင်မှု

ပြည်ပရောက် အလုပ်သမားများအတွက် ငွေလွဲဝန်ဆောင်မှု

Pay2U အနေဖြင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိခင်နိုင်ငံသို့ ငွေလွှဲပို့ရာတွင် စိတ်အေးချမ်းသာစွာ၊ လျင်မြန်လွယ်ကူစွာနှင့် တရားဝင်လိုင်စင်ရ ငွေကြေးလမ်းကြောင်းများမှတစ်ဆင့် လုံခြုံစွာ ပေးပို့နိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ငွေလွှဲ Platform သည် မြန်မာနိုင်ငံရှိ ထိပ်တန်းဘဏ်ကြီးများနှင့် ချိတ်ဆက်ထားသဖြင့် ပြည်တွင်းရှိ မိသားစုဝင်များထံသို့ ငွေလွှဲများကို စိတ်ချယုံကြည်စွာဖြင့် လွယ်ကူလျင်မြန်ချောမွေ့စွာ ရောက်ရှိစေမည် ဖြစ်ပါသည်။

Pay2U မှတစ်ဆင့် ငွေလွှဲပို့သူများအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည် -

ပွင့်လင်းမြင်သာမှုရှိသော ငွေလဲနှုန်းများ နှင့် Real-time အချိန်နဲ့တစ်ပြေးညီ ငွေလွှဲအခြေအနေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး နယ်စပ်ဖြတ်ကျော် ငွေလွှဲဝန်ဆောင်မှုများကို အခက်အခဲမရှိ ချောမွေ့စွာ အသုံးပြုနိုင်ခြင်း။

မိမိနှင့် အဆင်ပြေဆုံးဖြစ်မည့် မြန်မာနိုင်ငံရှိ အနှစ်သက်ဆုံး ဘဏ်အကောင့်ကို စိတ်ကြိုက်ရွေးချယ်၍ ငွေထုတ်ယူ/လက်ခံနိုင်ခြင်း။

ထပ်မံ စိစစ်အတည်ပြုရန် အဆင့်များ (Manual Verification) လိုအပ်ခြင်းမရှိဘဲ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ရယူနိုင်ခြင်း။
View Details