မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ ငွေကြေးကို လုံခြုံအောင်ထိန်းသိမ်းနိုင်ဖို့အရေးကြီးပါတယ်
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကို သူများတွေခန့်မှန်းမိတယ်လို့ သံသယဝင်လာတဲ့အခါ ပိုပြီးစိတ်ချရအောင် ❝Passcode (လျှို့ဝှက်နံပါတ်)❞ ကို ပြောင်းသင့်ပါတယ်ခင်ဗျ။
Passcode (လျှို့ဝှက်နံပါတ်) ပြောင်းနည်းအဆင့်ဆင့်ကို ဒီကနေတစ်ဆင့်ဖော်ပြပေးလိုက်ရပါတယ်။
🔸 Application ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ Menu ထဲကို ဝင်ပါ
🔸ပြီးရင် Setting (ပြင်ဆင်မှုများ) ကိုနှိပ်ပါ
🔸 Application ကို ဝင်ရောက်ရမယ့် လျှို့ဝှက်နံပါတ် ပြောင်းဖို့အတွက် - ❝𝐂𝐡𝐚𝐧𝐠𝐞 𝐋𝐨𝐠𝐢𝐧 𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 (လျှို့ဝှက်နံပါတ်ပြောင်းလဲမည်)❞ ကို နှိပ်ပါ
- Passcode (လျှို့ဝှက်ကုဒ်) နေရာမှာ ယခုလက်ရှိသုံးနေတဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ
- New Login Passcode (လျို့ဝှက်ကုဒ်အသစ်) နေရာမှာ မိမိသုံးချင်တဲ့လျှို့ဝှက်နံပါတ်အသစ်ကိုရိုက်ထည့်ပါ
- Confirm New Login Passcode (လျို့ဝှက်ကုဒ်အသစ်အတည်ပြုရန်) နေရာမှာ ဖြည့်ခဲ့တဲ့ လျှို့ဝှက်နံပါတ်အသစ်ကိုထပ်မံရိုက်ထည့်ပါ
- အားလုံးပြီးသွားပြီ၊ လျှို့ဝှက်နံပါတ်လည်း သေချာပြီဆိုရင် “Save(သိမ်းဆည်းမည်)” ကိုနှိပ်ပါ
ဒီအဆင့်တွေက Application Login Password ကို ပြောင်းလဲရတဲ့အဆင့်တွေဖြစ်ပါတယ်
🔸 ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေမှာ အသုံးပြုတဲ့ လျှို့ဝှက်နံပါတ်ကို ပြောင်းဖို့အတွက်ကတော့ - ❝𝐂𝐡𝐚𝐧𝐠𝐞 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧 𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 (ငွေလွှဲစကားဝှက်ပြောင်းလဲရန်)❞ ကို နှိပ်ရပါမယ်။ (ကျန်တဲ့အဆင့်တွေကတော့ အပေါ်မှာဖော်ပြခဲ့သလိုပါပဲ)
- Passcode (လျှို့ဝှက်ကုဒ်) နေရာမှာ ယခုလက်ရှိသုံးနေတဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ
- New Transaction Passcode (ငွေလွှဲလျို့ဝှက်ကုဒ်အသစ်)နေရာမှာ မိမိသုံးချင်တဲ့လျှို့ဝှက်နံပါတ်အသစ်ကိုရိုက်ထည့်ပါ
- Confirm New Transaction Passcode (ငွေလွှဲလျို့ဝှက်ကုဒ်အသစ်အတည်ပြုရန်) နေရာမှာ ဖြည့်ခဲ့တဲ့ လျှို့ဝှက်နံပါတ်အသစ်ကိုထပ်မံရိုက်ထည့်ပါ
- သေချာပြီဆိုရင် “Save(သိမ်းဆည်းမည်)” ကိုနှိပ်ပါ
ဒီလိုနည်းနဲ့ Transaction Passcode (ငွေလွှဲလျှို့ဝှက်နံပါတ်) ကို ပြောင်းလဲနိုင်ပါတယ်။
ကိုယ်ပိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာ ကိုယ့်လက်ထဲမှာပဲရှိတာဖြစ်လို့ လုံခြုံအောင်ထိန်းသိမ်းရမယ့်တာဝန်ကလည်း ကိုယ့်တာဝန်ပါပဲ
လျှို့ဝှက်နံပါတ်ဆိုတာ မျှဝေသင့်တဲ့အရာမဟုတ်ပါဘူး၊ သူများတွေရိပ်မိနေတယ်လို့ သံသယဖြစ်လာခဲ့ရင် အချိန်မီပြောင်းဖို့အတွက် အကြံပေးချင်ပါတယ်ခင်ဗျာ။
လုံခြုံစိတ်ချရတဲ့ ငွေကြေးဝန်ဆောင်မှုတွေအတွက် ❝စိတ်ချလွယ်ကူ Pay2U❞
Pay2U Pay Application ကို 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 (iOS User) နှင့် 𝐏𝐥𝐚𝐲 𝐒𝐭𝐨𝐫𝐞 (Android User) မှ Download ရယူအသုံးပြုနိုင်ပါပြီ။